background cover of music playing
Nyot Myat Won - Phoe Cho

Nyot Myat Won

Phoe Cho

00:00

05:01

Similar recommendations

Lyric

နောက်လှည့်အကြည့်တစ်ချက် ဆိုသာရုံလေး

ညှို့မျက်ဝန်းရှင်ရယ်

မင်းပေးသွားတဲ့ ရင်ဝေဒနာလည်း

စက္ကန့်ရွေ့အမျှပါပဲ

ကလေးငယ်လို

လိုလားမှုများစွာနဲ့ရယ်

တောင်းခံသူကို

အချစ်တစ်ခြမ်း တစ်ဖဲ့ဖြစ်ဖြစ်

စေတနာသဒ္ဓါသလောက် မျှခဲ့ပါ

အချစ်လမ်း တစ်ဝက်ဖြစ်ဖြစ်

ကြင်နာနိုင်သလောက် ရွေ့လှမ်းပါ

အချစ်ပန်း တစ်ဝက်ဖြစ်ဖြစ်

တွယ်တာနိုင်သလောက် စွန့်ခဲ့ပါ

နားနဲ့မနာ ဖဝါးနဲ့မနာ

နှလုံးသားနဲ့ နာတော်မူပါ

ပြောလှည့်ပါ ဟောခဲ့ပါ

အချစ်တရားဦးတစ်ပုဒ် နာလိုသူမှာ

အတွေးများစွာ ပေးထားတာ

အရှုံးအမြတ်အတွက် မရေရာသူမှာ

နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ

ရော်ဝါရွက်တို့ရဲ့ ညှိုးငယ်စိတ်နဲ့အတူ

မြေစာမြက်တို့ရဲ့ သိမ်ငယ်မှုနဲ့ထပ်တူ

တစ်ပြည်ကွာအနမ်းတို့ရဲ့ ဝေးကွာခြင်းနဲ့အတူ

ဒီလူမှာသာ ဆုံးရှုံးနေမှာပဲလေ

ဆုံးကာ ရှုံးကာသာ နေမှာပဲလေ

ဆုံးရှုံးနေမှာပဲလေ

အမြဲစဉ် ရှုံးကာသာ နေမှာပဲလေ

အမြဲ ရှုံးနေမှာပဲလေ

အချစ်ရေ

အသည်းခွင်းမြှားချက်

ရင်လည်ဗဟို၌ စူးစိုက်ခဲ့ပြီကွယ်

အပြုံးဝင့်တချက်က ရင်ကိုတစ်ပါတည်း

သိမ်းပိုက်သွားပြီပဲ

စိတ်အစဉ်ရယ်

တစ်ပါတည်းနဲ့ လိုက်ပါသွားတယ်

ညှို့ပိုင်သူရေ

အရှင့် ပုခုံးနုထက်မှ

အပြာရောင်လွယ်အိတ်ကလေး ဖြစ်ပါရစေ

အရှင့် ဖဝါးနုအောက်မှ

ကတ္တီပါဖိနပ်ကလေး ဖြစ်ပါရစေ

အရှင့် ဦးထိပ်ထက်မှ

ငွေရောင်ဆံညှပ်ကလေး ဖြစ်ပါရစေ

နားနဲ့မနာ ဖဝါးနဲ့မနာ

နှလုံးသားနဲ့ နာတော်မူပါ

ဟောလှည့်ပါ ပြောခဲ့ပါ

အချစ်တရားဦးတစ်ပုဒ် နာလိုသူမှာ

အတွေးများစွာ ပေးထားတာ

အရှုံးအမြတ်အတွက် မရေရာသူမှာ

နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ

ရော်ဝါရွက်တို့ရဲ့ ညှိုးငယ်စိတ်နဲ့အတူ

မြေစာမြက်တို့ရဲ့ သိမ်ငယ်မှုနဲ့ထပ်တူ

တစ်ပြည်ကွာအနမ်းတို့ရဲ့ ဝေးကွာခြင်းနဲ့အတူ

အသင်ပိုင်ဆိုင်ရာ

အသည်း ယဇ်ပလ္လင်တော်ထက်မှာ

မနှေးမြန် စတေးခံကာ နေမှာပဲလေ

အသည်း ယဇ်ပလ္လင်တော်ထက်မှာ

ဆုံးကာ ရှုံးကာသာ နေမှာပဲလေ

ဆုံးရှုံးနေမှာပဲလေ

အချစ်ရေ

- It's already the end -